အဖွင့်စာမျက်နှာ

စင်္ကာပူမှာ နမိတ်ကောင်းလာပြီ

ဆရာကြီးမင်းသိင်္ခ၏တပည့် ဆရာမစောယုနွယ်၏ သိသာစေကြောင်းမင်္ဂလာနမိတ်ကောင်းဟောကိန်းများ မကြာမီရောက်လာပါ တော့မည်။

မဂ္ဂဇင်း၊ ဂျာနယ်၊ အသီးသီးတွင်ဟောပြောလျက်ရှိခြင်းကို အားမလိုအားမရဖြစ်နေသူများအတွက် မကြာမီ သင့်ရှေ့သို့ဆရာမရောက် လာပါတော့မည်။

ဆရာမစောယုနွယ် စင်္ကာပူရောက်ခိုက်သင့်ကံကြမ္မာကို မစစ်ဆေးခဲ့ရင် သင်လျှောက်မယ့်ဘ၀ခရီးအတွက် လိုအပ်ချက်များမသိ၊ မရှိရလေအောင် ဆရာမရှိမယ့်နေရာအမြန်ဆုံး စုံစမ်းလိုက်ပါ။

ဆရာမ စောယုနွယ် ၏ ကိုယ်ရေးအကျဉ်း

ဆရာမ စောယုနွယ်ကို ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ သောကြာနေ့တွင် အဘ ဦးတင်ဝင်း (ကျောင်းဆရာကြီး)နှင့် အမိ ဒေါ်လှမြင့်တို့မှ တွံတေးမြို့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မသန်းသန်းဝင်း ဖြစ်ပြီး စံပြ ဖ.ဆ.ပ.လ ရပ်ကွက်၊အမှတ် ၇ ၀ိတိုရိယ၊ ဘုရင်မ ရိပ်သာ တွင်မိဘများနှင့်နေထိုင်ပြီး အစိုးရမူလတန်းကျောင်း အမှတ်(၅)မင်္ဂလာတောင်ညွန့်တွင် စတင်ပညာသင်ကြားခဲ့ပြီး အ.ထ.က.(၁) ဗဟန်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ အ.ထ.က(၁)ဒဂုံ လုငယ်ရေးရာညကျောင်းမှ (၁၀)တန်း အောင်မြင်ခဲ့သည်။ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စာပေးစာယူဖြင့် ၀ိဇ္ဇာဘွဲ့ ရရှိခဲ့ သည်။

ဘွဲ့ရပြီးနောက် တွံတေးမြို့တွင် မူလတန်းပြဆရာမအဖြစ် တစ်နှစ် လုပ်အားပေးခဲ့သည်။ မိဘများနေအိမ်တွင် မေတ္တာဝင်းမူကြို တည်ထောင်ပြီး မူကြိုကျောင်းသားများမွေးထုတ်ပေးခဲ့သည်။

ထို့နောက် ၁၉၇၉ခုနှစ်တွင် ဦးမောင်မောင်မြင့်အေး (ယခု-အယ်ဒီတာချုပ် ရောင်ပြန်မဂ္ဂဇင်း)နှင့် မေတ္တာသက်ဝင် ချစ်ခင်ပြီး မင်္ဂလာဆောင်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ဆရာကြီးမင်းသိင်္ခထံတွင် ဗေဒင်ပညာကို အနီးကပ်လေ့လာ သင်ယူပြီး ဆရာမစောယုနွယ် အမည်ဖြင့် ၇ ရက်သားသမီးများ၏ အခက်အခဲများကို ဖြေရှင်းပေးခဲ့သည်။ ထို့အပြင် ခင်ပွန်းဖြစ်သူထုတ်ဝေသော ရောင်ပြန်မဂ္ဂဇင်းတွင်အုပ်ချုပ်မှု အယ်ဒီတာ တာဝန်ယူခဲ့ပြီး ဗေဒင်၊ ဂမ္ဘီရ၊ လောကီရေးရာ ဆောင်းပါးများရေးသားခြင်းကိုလည်းဆောင်ရွက်ခဲ့သည်။

ယခုအခါတွင် ဆရာမသည် ဧကံသဗျာကရဏဗေဒ ဆရာများ၏ ဗေဒင်သင်တန်းများတွင် လက္ခဏာဘာသာရပ်ကို ဟောပြောပို့ချလျှက်ရှိသည်။

ရောင်ပြန်မဂ္ဂဇင်း၊ မနုစာရီမဂ္ဂဇင်း၊ ပြစ်မှုမဂ္ဂဇင်း၊ ဘုန်းရောင်ဂျာနယ်၊ First News ဂျာနယ်၊ 24/7 ဂျာနယ်၊ Vinius ဂျာနယ်၊ Now ဂျာနယ် တို့တွင် လစဉ်အပတ်စဉ် ၇ ရက်သားသမီးများအတွက် ဟောစာတမ်းများကို ရေးသားဖော်ပြခြင်းရှိပြီး ဖတ်ရှုသူ ၇ရက်သားသမီးများ၏ ထောက်ခံသူကို ရရှိခဲ့သည်။

ဆရာကြီးမင်းသိင်္ခ သက်ရှိထင်ရှားရှိစဉ်က ဆရာကြီးအားအမြဲတစေ ရေပူရေချမ်းကမ်းလှမ်းပြီး ဆရာကြီး၏ကျမ်းမာရေး၊ လူမှုရေးများကို အမြဲဆောင်ရွက်ပေးပြီး အန္တေ၀ါသိက တပည့်မတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ဆရာကြီးမင်းသိင်္ခနှင့် အတူတရုတ်ပြည် တိဗက်လူမျိုးများ၏ ဂမ္ဘီရနယ်မြေဖြစ်သော ရှမ်ဂလီလာသို့လည်းကောင်း၊ အိန္ဒိယပြည်မဒရပ်ရှိ နဒီဗေဒင်ရိပ်သာ၊ အိုရှို၏တရားရိပ်သာများသို့ လေ့လာရေးခရီးသွားခဲ့ပြီး၊ ဘန်ဂလိုပြည်နယ်ရှိ သိဒ္ဓိရှင်ဆိုင်းဘာဘာကို ကိုယ်တိုင်တွေ့ခွင့်ရပြီး ဘာဘာကြီး၏ ကောင်းချီးပေးမှုခံခဲ့ရသည်။

ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံများသို့ သွားရောက်ခဲံ့ပြီး ၇ရက်သားသမီးမြန်မာများ၏ အခက်အခဲများကို တက်ကျွမ်းသော ဘာသာရပ်များဖြင့် ကူညီပေးခဲ့သည်။

ယခုအခါတွင် မဂ္ဂဇင်း၊ဂျာနယ် အသီးသီးတို့တွင် စာပေများရေးသားခြင်း၊ ‘နေအိမ်ဖြစ်သော အမှတ်၂၀၅ က၊ ပိတောက် ၅ လမ်း၊ မြို့သစ် ဘုရင့်နောင်ရိပ်သာ၊ အင်းစိန်မှနေပြီး ခုနစ်ရက်သားသမီးများ၏ ဘ၀အခက်အခဲများကို တတ်ကျွမ်းသော ပညာရပ်ဖြင့် ကူညီဖြေရှင်းပေးလျက်ရှိသည်။

အထက်ပါလိပ်စာတွင် ခင်ပွန်းဖြစ်သူ – ဦးမောင်မောင်မြင့်အေး (အယ်ဒီတာချုပ်-ရောင်ပြန် မဂ္ဂဇင်း) သားများဖြစ်သော မောင်အောင်ကောင်းကျော် (ခေတ္တ စင်္ကာပူ) နှင့် သရုပ်ဆောင် စိုးရန်အောင် နှင့်အတူ နေထိုင်လျှက်ရှိသည်။

sayar gyi & sayarma

ဆရာကြီးနှင့် ဆရာမ

765998 visits since 28 Aug 2009 | Brought to you by Kaungkinpyar Arts & Developed by WaaS